မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးများ၊ တရားရေးဦးစီးမှူးတို့မှ တိုင်းဒေသကြီးအတွင်းရှိ တရားရုံးအဆင့်ဆင့်မှ တရားရေးအရာရှိများအား လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံမှာကြားသည့် အခမ်းအနားကို မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ (၁၁-၁၀-၂၀၂၅) ရက်နေ့ နံနက် (၈း၃၀) အချိန်တွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တိုင်းဒေသကြီးတရားလွှတ်တော်မှ တရားရေးအရာရှိများ၊ မဟာအောင်မြေခရိုင်၊ အောင်မြေသာစံခရိုင်၊ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ မိတ္ထီလာခရိုင်၊ ကျောက်ဆည်ခရိုင်၊ တံတားဦးခရိုင်၊ သပိတ်ကျင်းခရိုင်နှင့် ၄င်းခရိုင်များအတွင်းရှိ မြို့နယ်တရားရုံးများမှ တရားရေးအရာရှိများ တက်ရောက်ခဲ့ကြပြီး ကျန်ခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားရေးအရာရှိများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးတို့မှ လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ လမ်းညွှန်မှာကြားပြီး ခရိုင်တရားရုံးများနှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများက တင်ပြရန်ရှိသည်များ တင်ပြခဲ့ကြရာ တရားလွှတ်တော်တရားသူကြီးချုပ်က ရှင်းလင်းဆွေးနွေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။