သတင်းများ

မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၏ Microsoft Office PowerPoint အသုံးပြုနည်းသင်တန်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်
Post Image

မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၏ Microsoft Office PowerPoint အသုံးပြုနည်းသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ၈-၁၁-၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးခင်မောင်မြင့်က သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသား/ သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တရားရေးအရာရှိများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းကို (၅-၁၁-၂၀၂၅) ရက်နေ့မှ (၈-၁၁-၂၀၂၅) ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပို့ချခဲ့ပါသည်။