သတင်းများ

(၃၀) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနား ကျင်းပပြုလုပ်
Post Image

မန္တလေး၊ ဖေဖော်ဝါရီ ၂၂

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ/ ခရိုင်တရားသူကြီးများ၏ (၃၀) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို (၂၂-၂-၂၀၂၆) ရက်နေ့ နံနက် (၉:၀၀) အချိန်တွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ  (Multi Hall)  ၌ ကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လှမြင့်က ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၏ လမ်းညွှန်မှာကြားချက်များကိုလည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများက တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးခင်မောင်မြင့် က ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် ညွှန်ကြားရေးမှူးများ၏ မှာကြားချက်များကိုလည်းကောင်း ထပ်ဆင့်ရှင်းလင်း ဆွေးနွေးမှာကြားခဲ့ပါသည်။

ဆက်လက်၍ တက်ရောက်လာကြသော ခရိုင်တရားသူကြီးများ နှင့် မြို့နယ်တရားသူကြီးများမှ အသီးသီးတင်ပြခဲ့ရာ  တင်ပြချက်များအပေါ် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးတို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်း‌ဒေသကြီးတရားရေးဦးစီးမှူး၊ တရားလွှတ်တော်မှ တရားရေးအရာရှိများ၊ အထူးတရားရုံးများရှိတရားသူကြီးများ၊ မဟာအောင်မြေခရိုင်နှင့် မြို့နယ်တရားရုံးများ၊ အောင်မြေသာစံခရိုင်နှင့် မြို့နယ်တရားရုံးများ၊ အမရပူရခရိုင်နှင့် မြို့နယ်တရားရုံးများ၊ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်တရားရုံးများ၊ ကျောက်ဆည်ခရိုင် နှင့် မြို့နယ်တရားရုံးများ၊  တံတားဦးခရိုင်နှင့် တံတားဦးမြို့နယ်တရားရုံးမှ တရားသူကြီးများ/ တရားရေးအရာရှိ ( ၁၂၈ ) ဦး တို့သည် In Person ကိုယ်တိုင်တက်ရောက်ခဲ့ပြီး ကျန်ခရိုင်နှင့် မြို့နယ်တရားရုံးများ မှ  တရားသူကြီးများနှင့် တရားရေးအရာရှိ (၁၁၇) ဦးတို့သည် Virtual Online ဖြင့်လည်းကောင်း၊ စုစုပေါင်း ( ၂၄၅ ) ဦး  တက်ရောက်ခဲ့ကြပါသည်။