မန္တလေး၊ မတ် ၁၀
မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၏ စေ့စပ်ဖြေရှင်းရေးဆိုင်ရာလုပ်ငန်းကျွမ်းကျင်မှု သင်တန်းဖွင့်ပွဲအခမ်း အနားကို ၁၀-၃-၂၀၂၆ ရက်နေ့ နံနက် (၈း၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးတရားရေးဦးစီးမှူးက သင်တန်းဖွင့်ပွဲအမှာစကားပြောကြားခဲ့ပါသည်။

သင်တန်းသို့ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၊ မဟာအောင်မြေခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်တရားရုံးများ၊ အောင်မြေသာစံခရိုင်တရားရုံး၊ အောင်မြေသာစံမြို့နယ်တရားရုံး၊ ပုသိမ်ကြီးမြို့နယ်တရားရုံး၊ အမရပူရခရိုင်နှင့် အမရပူရမြို့နယ်တရားရုံးတို့မှ သင်တန်းသား/သင်တန်းသူ (၃၀) ဦး တက်ရောက်ခဲ့ကြပါသည်။