မန္တလေး၊ မတ် ၁၂
မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၏ တရားရုံးအသုံးပြုသူများ လူထုဝန်ဆောင်မှု သင်တန်းဖွင့်ပွဲအခမ်းအနားကို ၁၂-၃-၂၀၂၆ ရက်နေ့ နံနက် (၈း၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးတရားရေးဦးစီးမှူးက သင်တန်းဖွင့်ပွဲအမှာစကားပြောကြားခဲ့ပါသည်။

သင်တန်းသို့ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၊ မဟာအောင်မြေမြို့နယ်တရားရုံး၊ ချမ်းအေးသာစံမြို့နယ်တရားရုံး၊ ချမ်းမြသာစည်မြို့နယ်တရားရုံး၊ ပြည်ကြီးတံခွန်မြို့နယ်တရားရုံး၊ အောင်မြေသာစံမြို့နယ်တရားရုံး၊ ပုသိမ်ကြီးမြို့နယ်တရားရုံးနှင့် အမရပူရမြို့နယ်တရားရုံးတို့မှ အရာထမ်း၊ အမှုထမ်း (၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။
