သတင်းများ

မီဒီယာဆက်ဆံရေးကျွမ်းကျင်မှုဆင့်ပွားသင်တန်းကျင်းပပြုလုပ်
Post Image

မန္တလေး၊ မတ် ၁၂

 မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၏ မီဒီယာဆက်ဆံရေးကျွမ်းကျင်မှုဆင့်ပွားသင်တန်းကို  (၁၄-၃-၂၀၂၆) ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဦးမြင့်ဆန်း က သင်တန်းဖွင့်ပွဲအမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးခင်မောင်မြင့် က သတင်းမီဒီယာနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့်အချက်များအား အကျဉ်းချုပ် မှာကြားခဲ့ပါသည်။

    ဆက်လက်၍ ခရိုင်အဆင့်သင်တန်းဆရာ /ဆရာမများက သင်တန်းသား/သင်တန်းသူ (၄၇) ဦးအား သက်ဆိုင်ရာဘာသာရပ်အလိုက် ပို့ချ၍ လက်တွေ့သုံးသပ်ချက်များ ဆောင်ရွက်ခဲ့ပြီးနောက် ညနေ (၁၆း၀၀) နာရီတွင် သင်တန်းဆင်းပွဲ အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ပါသည်။