မန္တလေး၊ ဧပြီ ၇
မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးများနှင့် တိုင်းဒေသကြီးတရားရေးဦးစီးမှူးတို့ကို မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်ရှိ တရားရေးအရာရှိများနှင့် ဝန်ထမ်းများက မြန်မာနှစ်သစ်ကူးအချိန်အခါသမယ၌ ဂါရဝပြုကန်တော့သည့် အခမ်းအနားကို ၂၀၂၆ ခုနှစ် ၊ ဧပြီလ (၇) ရက် ၊ ညနေ ၁၆:၃၀ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က တရားရေးအရာရှိများ နှင့် ဝန်ထမ်းများ စုစုပေါင်း (၁၁၂) ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၁၀၀,၀၀ဝိ/-) နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ ကျပ် (၁၁၂,၀၀၀,၀၀ဝိ/-) ကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။