မန္တလေး၊ မေ ၉
မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တရားလွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တိုင်းဒေသကြီးအတွင်းရှိ တရားရုံးအဆင့်ဆင့်မှ တရားရေးအရာရှိများ၏ မှုခင်းကျဆင်းရေးဆိုင်ရာအစည်းအဝေးကို In person၊ Video Conferencing စနစ်ဖြင့် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ (၉-၅-၂၀၂၆) ရက်နေ့ နံနက် (၉း၀၀) အချိန်တွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တိုင်းဒေသကြီး တရားလွှတ်တော်မှ တရားရေးအရာရှိများ၊ မဟာအောင်မြေခရိုင်၊ အောင်မြေသာစံခရိုင်၊ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ မိတ္ထီလာခရိုင်၊ ကျောက်ဆည်ခရိုင်၊ တံတားဦးခရိုင်တို့မှ တရားသူကြီးများနှင့် ဒုတိယဦးစီးမှူးများ၊ မြို့နယ်တရားရုံးများမှ တရားသူကြီးများအားလုံး၊ ကလေးသူငယ်တရားရုံး(မန္တလေး)၊ စည်ပင်သာယာတရားရုံး (မန္တလေး) တို့မှ တရားသူကြီး (၁၂၅) ဦးတို့သည် In Person ဖြင့်လည်းကောင်း၊ ကျန်ခရိုင်နှင့်ခရိုင်အတွင်းရှိ မြို့နယ်တရားရုံးများ၊ မလှိုင်မြို့နယ်တရားရုံး၊ သာစည်မြို့နယ်တရားရုံးနှင့် ငါးဇွန်မြို့နယ်တရားရုံးမှ တရားသူကြီး (၉၄) ဦးတို့သည် Video Conferencing စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြပါသည်။
