မန္တလေး မေ ၂၂
မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်ရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်း နှင့် တက္ကသိုလ်အဆင့်အသီးသီးတွင် ပညာသင်ကြားနေကြသော အရာထမ်း/အမှုထမ်းများ၏ သား/သမီးများအား ပညာသင်ထောက်ပံ့ငွေနှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်သို့ သင်တန်း တက်ရောက်သူအား ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ် မေလ ၂၂ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တရားရေးအရာရှိများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လှမြင့် က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ တရားသူကြီးချုပ်က တက္ကသိုလ်အဆင့် ကျောင်းသား/သူ (၁) ဦးလျှင် ငွေကျပ် (၈၀,၀၀ဝိ/-) နှုန်းဖြင့် ကျောင်းသား/သူ (၄) ဦးအတွက် (၃၂၀,၀၀ဝိ/-) ကျပ် ကိုလည်းကောင်း၊ အထက်တန်းအဆင့် ကျောင်းသား/သူ (၁) ဦးလျှင် ငွေကျပ် (၇၀,၀၀၀ိ/-) နှုန်းဖြင့် ကျောင်းသား/သူ (၅) ဦးအတွက် (၃၅၀,၀၀၀ိ/-) ကျပ်ကိုလည်းကောင်း၊ အလယ်တန်းအဆင့် နှင့် မူလတန်းအဆင့် ကျောင်းသား/သူ (၁) ဦးလျှင် ငွေကျပ် (၆၀,၀၀၀ိ/-) နှုန်းဖြင့် ကျောင်းသား/သူ (၃၅) ဦးအတွက် (၂,၁၀၀,၀၀၀ိ/-) ကျပ်ကိုလည်းကောင်း၊ စုစုပေါင်း ကျောင်းသား/သူ (၄၄) ဦး အတွက် (၂,၇၇၀,၀၀၀ိ/-) ကျပ်တိတိကို ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ နိုင်ငံဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် အလယ်အလတ်အဆင့် အရာထမ်းသင်တန်းအမှတ်စဥ် (၁၅) တက်ရောက်မည့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြိုးငြိမ်းစံအား ထောက်ပံ့ငွေပေးအပ်ခဲ့ပါသည်။